ကြက်ခြေနီ အဖွဲ့အစည်းများ နိုင်ငံတကာ ဖက်းဒရေးရှင်း (IFRC) က စစ်ကိုင်းတိုင်း ရွှေဘို ဗဟိုပြု ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၆ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၂၃၁ ဦးအထိရှိသည်ဟု ပြောကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ယနေ့ထုတ်အစိုးရ သတင်းစာများတွင် သေဆုံး၊ ဒဏ်ရာရသူ စုစုပေါင်းစာရင်းကို ထုတ်ပြန်ခြင်း မရှိသေးပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။