စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့က ချပ်ကြီးဘူတာအနီး ဆီတွဲ တိမ်းမှောက်ပြီး ဆီလာခပ်သူများ မီးလောင် ကျွမ်းမှုကြောင့် ဆေးရုံတင်ထားရသည့် ဒဏ်ရာရသူများအနက် အမျိုးသားတဦး ယမန်နေ့က ထပ်မံသေဆုံးသွားသဖြင့် သေဆုံး စုစုပေါင်း ၃၁ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ ဆေးကုသမှု ခံနေရသည့် ဒဏ်ရာရသူပေါင်း ၈၇ ဦး ကျန်ရှိနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။