နိုဝင်ဘာ ၁၉ ရက် ရန်ကုန်သို့ လာရောက်သည့်အခါ အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် မိန့်ခွန်းပြောကြားရန် ရန်ကုန် တက္ကသိုလ်အား ရွေးချယ်ထားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က အတည်ပြုပြောဆိုလိုက်သည်။ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး မစ္စတာ ဘန်ရုဒ်က သတင်းထောက်များကို ပြောဆိုရာတွင် ရန်ကုန်တက္ကသိုလ်သည် ၁၉၃၀ ခုနှစ်များတွင် လွတ်လပ်ရေးလှုပ်ရှားမှု၊ ထို့နောက် အာရှတွင် ဦးဆောင်တက္ကသိုလ်ကြီးတခု၊ ၁၉၈၀နှောင်းပိုင်းတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုများဖြင့် သမိုင်းဝင်နေရာဖြစ်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။