နိုင်ငံတကာမှ ကချင် အဖွဲ့ ၃၄ ဖွဲ့ စုစည်းထားသည့် ကချင် မဟာမိတ်အဖွဲ့ (Kachin Alliance) က မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည့် အမေရိကန်သမ္မတ အိုဘားမားထံ အိတ်ဖွင့်စာတစောင်ကို ယမန်နေ့ နေ့စွဲဖြင့် ပေးပို့လိုက်သည်။ ယင်းပေးစာတွင် သမ္မတ အိုဘားမား ခရီးစဉ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဝါးနေဆဲဖြစ်သည့် မြန်မာအစိုးရကို တရားဝင် အသိအမှတ်ပြုရာ ရောက်ကြောင်း၊ အစိုးရနှင့် ထိတွေ့ဆက်ဆံခြင်းကြောင့် အရပ်သားများအပေါ် အစိုးရတပ်များ၏ အကြမ်းဖက်မှုနှင့် ရွာပုန်းရွာရှောင် ဒုက္ခသည်များအရေး ကုလသမဂ္ဂ အခန်းကဏ္ဍကို လျော့ကျစေနိုင်ကြောင်း၊ ဤရလဒ်များကြောင့် တိုင်းရင်းသား လူနည်းစုများအရေး မှေးမှိန်နိုင်ပြီး နိုင်ငံ မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။