အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာအစိုးရ အဖွဲ့နှင့်သာမက လွှတ်တော်များ အချင်းချင်း၊ လွှတ်တော် အဖွဲ့အစည်းများ အချင်းချင်းလည်း ပိုမို ပူးပေါင်းဆောင်ရွက် သွားမည်ဟု သမ္မတ အိုဘားမားက ပြောသည်။ ယမန်နေ့က သမ္မတ အိုဘားမား၏ ၆ နာရီကြာ ခရီးစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်သည့် သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံစဉ် သမ္မတ အိုဘားမားက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ သမ္မတ အိုဘားမား လာရောက် လည်ပတ်ခြင်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အထောက်အကူပြုသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။