ကချင်ပြည်နယ် ဖားကန့်နှင့် ၆ မိုင်ခန့် အကွာရှိ လုံးခင်းကျေးရွာအနီး မိုးကောင်း-ဖားကန့် ကားလမ်းပေါ်တွင် ယနေ့မွန်းလွဲပိုင်းက အစိုးရ စစ်ယာဉ်တန်းနှင့် KIA တို့ ပစ်ခတ်မှု ဖြစ်ပွားသည်။ လက်နက်ကြီးများပါ အသုံးပြုပြီး နာရီဝက်ကျော်ကြာ ပစ်ခတ်မှုများကြောင့် နှစ်ဖက် ပျက်စီးသေဆုံးမှု အခြေအနေကို မသိရသေးသော်လည်း အစိုးရစစ်ကြောင်း စစ်ယာဉ်တန်း၏ ပထမဆုံး ရောက်ရှိမည့်ကား ၄ စီး ဥရုချောင်းတဖက်ကမ်းသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဖားကန့်ဒေသခံ ဦးအောင်ထွန်းဦးက ပြောသည်။ ဖားကန့်မြို့ပေါ်ရှိ စာသင်ကျောင်းများမှ ကလေးများကို မိဘများ လာရောက်ခေါ်ယူသွားပြီး ကျောင်းများ ပိတ်ထားလိုက်ကြောင်း သိရသည်။ မိုးကောင်း-ဖားကန့် ကားလမ်းကို အသွားအလာ မပြုလုပ်ရန် ပိတ်ထားလိုက်၍ ဒေသခံများ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။