ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ သံတမန်အဖြစ် ခန့်အပ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သံတမန် တဦးအနေဖြင့် အဆိုပါရောဂါ ခံစားနေရသူများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး ဆောင်ရွက်ပေးမည်ဖြစ်သည်။ ယင်းသို့ ခန့်အပ်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို နေ့စဉ် ထိမ်းသိမ်းရင်း အံတုရန် လူ့အဖွဲ့အစည်းအတွက် ချန်ပီယံတယောက်ကဲ့သို့ ရွေးချယ်ပြီး မြင့်မြတ်သော ဂုဏ်ပြုမှုတခုဖြစ်ကြောင်း UNAIDS ၏ ထုတ်ပြန်ကြေညာချက်တွင် ပြောထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။