ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့သည့် မောင်တောမြို့ အကြမ်းဖက်မှုကို ဦးဆောင်သူဟူသော သင်္ကာမကင်းမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒေါက်တာ ထွန်းအောင် (ခ) နုရ်ဟောက်အား စစ်တွေခရိုင် တရားရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဒေါက်တာ ထွန်းအောင်အား ယခုနှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခြင်းဖြစ်ပြီး ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၁၅၃ စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။