ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီအား ဒေသဆိုင်ရာ ရဲအထူးသတင်းတပ်ဖွဲ့ (SB) မှ ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ ဒေသခံများ ပါတီဝင်အဖြစ် လျှောက်ထားကြရာ မှတ်ပုံတင်နံပါတ်နှင့် လူအမည်များ မှားနေသည်ဟု အကြောင်းပြချက်ဖြင့် ပါတီကို ဖျက်သိမ်းမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ခြိမ်းခြောက်ကြောင်း ပေါက်တောမြို့နယ် ALD ဒု ဥက္ကဋ္ဌ ဦးမြတ်ထွန်းက ဧရာဝတီကို ပြောသည်။ ထို့အတူ ပါတီဝင်အင်အား ရရှိရေးအတွက် စည်းရုံးရေး ခရီးစဉ်များကို တလခွင့်ပြုပေးရန် တင်ပြခဲ့သော်လည်း ၂ ပတ်ခန့်သာ ခွင့်ပြုပေးသည့်အတွက် အခက်အခဲများရှိကြောင်း ၎င်းက ဆက်ပြောသည်။ အာဏာပိုင်များက ထိုသို့ ခြိမ်းခြောက်နေသော်လည်း ၎င်းတို့အနေဖြင့် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ပါတီ ဗဟိုကလည်း ဥပဒေနှင့်အညီ လုပ်ဆောင်သွားရန် လမ်းညွှန်ထားပြီး ဖြစ်ကြောင်း သိရသည်။ ရခိုင်ဒေသတွင်း အခြေစိုက်ထားသည့် ကြံ့ခိုင်ရေးပါတီ၊ တစညပါတီ၊ NLD ပါတီတို့ကမူ တလအထိ စည်းရုံးရေး ဆင်းခွင့်ရနေကြောင်း ဒေသခံတို့က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။