မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် မြန်မာဘက်မှ နယ်ခြားစောင့်တပ်များရော ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ်များပါ တိုးမြှင့် ချထားလျက်ရှိကြောင်း သိရသည်။ နယ်စပ်ခြံစည်းရိုး ကာရံရေး လုပ်ငန်းခွင်တွင် လုပ်နေသည့် မြန်မာ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ စစ်သည် ၃ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်များက ဖမ်းဆီးသွားရာ ယနေ့တိုင် ရှာမတွေ့သေးဘဲ နှစ်ဖက် နယ်ခြားတပ်များ တိုးမြှင့် ချလာခြင်းဖြစ်ကြောင်း၊ ဒေသခံများက ယင်းအခြေအနေအပေါ် စိုးရိမ်နေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။