ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်၌ နိုဝင်ဘာလ ၁၉ ရက်နေ့က စက်လှေတစီး နစ်မြှုပ်မှုခဲ့ရာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကြောင်း သိရသည်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ့်စရီယမ်မြို့နယ် အတွင်းရှိ မယ်လဦး ဒုက္ခသည်စခန်းမှ ခရီးသည် ၁၉ ဦးသည် မြန်မာနိုင်ငံ ဘက်ကမ်းရှိ အိတူထ ဒုက္ခသည်စခန်းသို့အသွား လမ်းတဝက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသမီး အစည်းအရုံး (KWO) အဖွဲ့မှ နန်းဒါးအဲကလယ်က ပြောသည်။ သေဆုံးသူ အမျိုးသမီးသည် KWO အဖွဲ့ဝင်တဦးဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။