ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန် ငွေကျပ်သန်း ၄၈၁၅ ကျန်ရှိနေသည့်ကိစ္စအပေါ် မီဒီယာများက ရေးသားမှုနှင့် စပ်လျဉ်း၍ ဟိုတယ်ခရီး ဝန်ကြီးဌာနက အစိုးရသတင်းစာများမှ ပြည်သူသို့ အသိပေးရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။ ကြွေးကျန်များမှာ ဌာနပိုင် အင်းလေးခေါင်တိုင် ဟိုတယ် ဝယ်ယူသူမှ ပေးသွင်းရန် ကျန်ငွေ ကျပ်သန်း ၄၃၅၀နှင့် ရန်ကုန်ရှိ တိုက်ခန်းဝယ်ယူသူမှ ပေးရန် ကျန်ငွေ ကျပ်သန်း ၄၆၅ တို့ဖြစ်ကြောင်း၊ ဟိုတယ်ကြွေးကျန်မှာ မြေဧရိယာ ကွဲလွဲမှု စိစစ်နေဆဲကြောင့် ဖြစ်ပြီး ရန်ကုန် တိုက်ခန်းမှာ ဝယ်ယူသူက အသနားခံထားခြင်းကြောင့် ကြွေးကျန်စာရင်း ပေါ်နေသည်ဟု ဟိုတယ်ခရီး ဝန်ကြီးဌာနက ရှင်းလင်းထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။