မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်းစစ်တပ်တို့ ယနေ့ ထိုင်း-မြန်မာနယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦး သေဆုံးပြီး စိတ်ကြွဆေးပြား အလုံး ၄ သောင်းကို ဖမ်းဆီးရမိသည်ဟု ထိုင်း စစ်တပ် တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ ထိုင်းစစ်တပ်က သတင်းအရ မယ်ဟောင်ဆောင်ခရိုင် မယ့်စွတ်ဦးနှင့် နမ်းဖယ်ဒင်းကျေးရွာ အနီးအနားတွင် သွားရောက် စောင့်ဆိုင်း၍ ဖမ်းဆီးရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။