မြန်မာပြည်တွင်း အဖက်ဖက်က မြန်မာ့ ဥပဒေမျာကို လေးစားမှု အခြေခံ၍ လက်ပံတောင်း ကြေးနီစီမံကိန်း အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ရန် အကျိုးရှိသော အခြေအနေ တည်ဆောက်ပေးပါရန် မေတ္တာရပ်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်သည်။ မုံရွာကြေးနီစီမံကိန်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုမ္ပဏီများ အချင်းချင်း အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်သော လုပ်ငန်းဖြစ်ကြောင်း၊ စီမံကိန်းနှင့် ပတ်သက်ပြီး ရွှေပြောင်းမှု လျှော်ကြေးငွေ၊ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အကျိုးဝင်ငွေခွဲခြားရေးများကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး ဖြစ်ကြောင်း ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။