ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နောက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းတလျှောက်၌ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီစက်လှေများကို မကြာခဏ ဖမ်းမိနေကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဟု ယူဆရသူ ၄၀ ကျော်သည် ကျောက်ဖြူဆိပ်ကမ်းသို့ ရောက်ရှိလာသည့်အတွက် ဒေသဆိုင်ရာ စစ်တပ်မှ စားနပ်ရိက္ခာများ ထည့်ပေးပြီး ပင်လယ်ပြင်သို့ နှင်ထုတ်လိုက်ကြောင်း ကျောက်ဖြူဒေသခံတဦးက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဝန်းကျင်ကို ကျောက်ဖြူ ဆိပ်ကမ်း၌ ဖမ်းမိခဲ့သေးသည်။ ထို့အတူ မာန်အောင်မြို့နယ်၊ ရဲကျွန်းဒေသသို့ စက်လှေတချို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်ရှိလာရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦးကို ဖမ်းမိထားပြီး ၎င်းတို့ကို မာန်အောင်မြို့၌ ထိန်းသိမ်းထားကြောင်း၊ ဒေသတွင်း လုံခြုံရေးအတွက် စစ်တပ်အင်အားနှင့် ရေတပ်အင်အားများ တိုးမြှင့်ချထားသည့်တိုင် တရားမဝင် စက်လှေများ မကြာခဏ ဖမ်းမိနေသည့်အတွက် ဒေသတွင်း လုံခြုံရေးအပေါ် စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။