ချင်းအမျိုးသားတပ်ဦး (CNF) ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ရန်ကုန်မြို့သို့ စတင်ထွက်ခွာသွားကြကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ CNF နှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များသည် ယခုလ ၇ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ တွေ့ဆုံဆွေးပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများ အပါအဝင် ချင်း မိဘပြည်သူများနှင့် ချင်းတက္ကသိုလ် ကျောင်းသားလူငယ်များကိုလည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၃ မှ ၂၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း ကလေးနှင့် ကဘော်ဒေသရှိ ချင်းပြည်သူလူထု၊ ချင်းပြည်နယ် အစိုးရတို့နှင့် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။