အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်း နတ်မောက်မြို့တွင် “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် မိန့်ခွန်းဟောကြားမည်ဖြစ်ကြောင်း နတ်မောက် NLD ပါတီ ကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ယင်းခရီးစဉ်ကို နေပြည်တော်မှ စတင်မည်ဖြစ်ပြီး လမ်းခရီးတွင် ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့လုလင်၊ မြို့သစ်၊ နတ်မောက်၊ မကွေး (ညအိပ်)၊ ရေနံချောင်း၊ ဂွေးချိုနှင့် ကျောက်ပန်းတောင်းမြို့များတွင် ဒေသခံ လူထုကို မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ ထိုခရီးစဉ်နှင့် ပတ်သက်၍ မကွေးတိုင်း ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေ၏ ဟန့်တားမှုများ ရှိသော်လည်း သက်ဆိုင်ရာဒေသခံများက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ဖြစ်မြောက်ရေး ကြိုးပမ်းသွားမည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။