ချင်းအမျိုးသား တပ်ဦး(CNF) နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အကြို ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ Peace Centerတွင် ကျင်းပလျှက်ရှိသည်။ CNF မှ အထွေထွေ အတွင်းရေးမှူးချုပ် ပူးကျင် ကျုံး၊ အထွေထွေ အတွင်းရေးမှူး ၂ ဒေါက်တာရွှေခါး၊ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ဗဟို ကော်မတီဝင်များ အပါအဝင် လူ ၂၀ တက်ရောက်ပြီး အစိုးရဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက် ၂ ရက် ကျင်းပမည်ဖြစ်ပြီး ၈ ရက်နေ့ ညနေပိုင်းတွင် ဆွေးနွေးပွဲ ရလဒ်များကို သတင်းထုတ်ပြန်မည်ဖြစ်သည်ဟုလည်း ဆို သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။