ရခိုင် အရေးနှင့် ပတ်သက်သည့် အယ်လ်ဂျာဇီးရာ သတင်းဌာန၏ သတင်း အစီအစဉ်ကို မြန်မာ အစိုးရက ကန့်ကွက်လိုက်သည်။ ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အချက် ၇ ချက်ပါ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ အယ်လ်ဂျာ ဇီးရာ၏ သတင်းအစီအစဉ်တွင် ဖော်ပြမည့် ရိုဟင်ဂျာများကို လူမျိုးတုံးစေရန် သတ်ဖြတ်လုပ်ဆောင်နေသည် ဆိုသော သတင်းမှတ် တမ်း အပါအဝင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်သည့် ဖော်ပြချက်များသည် မဟုတ်မမှန် လုပ်ကြံ ပုံကြီးချဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်း မြင်သာမှုရှိစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြား ဖိနှိပ်ခြင်းများ လုံး၀ မရှိကြောင်း၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များ၏ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေး သည့် ကော်မရှင် ဖွဲ့၍ စုံစမ်း စစ်ဆေးနေကြောင်း စသည်တို့ပါရှိသည်။ အယ်လ်ဂျာဇီးရာ သတင်းဌာနက ရခိုင်အရေးနှင့် ပတ်သက် သည့် သတင်း အစီအစဉ်ကို ဒီဇင်ဘာ ၈ ရက် မှ ၁၂ ရက်နေ့အထိ အာရပ်ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ထုတ်လွင့်ပြသမည် ဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။