ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော အာရှ အသက် ၁၉ နှစ်အောက် အမျိုးသမီး ဒုတိယအကျော့ အုပ်စုခြေစစ်ပွဲတွင် ထိုင်းအမျိုးသမီးအသင်းကို နိုင်ပြီး အာရှ အမျိုးသမီး ဖိုင်နယ်ပွဲစဉ်တက်ရန် ခြေစစ်ပွဲအောင်သွားသော မြန်မာ အမျိုးသမီးအသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဆုငွေ သိန်း ၃၀၀ ကျပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ အမျိုးသမီးအသင်းသည် အာဆီယံဒေသတွင်းမှ တသင်းတည်းသော အသင်းအဖြစ် ခြေစစ်ပွဲ အောင်မြင်သွားခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။