ဂျပန် မစ်ဆူဘီရှီ ဘဏ်အုပ်စုသည် အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ အရေးယူထားသည့် နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ကာ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းကမ်းဥပဒေ ချိုးဖောက်မှုများရှိသောကြောင့် အမေရိကန်သို့ ဒေါ်လာ ၈.၆ သန်း ဒဏ်ကြေး ပေးရ မည် ဖြစ်ကြောင်း သိရသည်။ မစ်ဆူဘီရှိ ဘဏ်အုပ်စုသည် အမေရိကန်က စီးပွားရေးပိတ်ဆို့ အရေးယူထားသည့် မြန်မာ အပါအဝင် အီရန်၊ ဆူဒန်နှင့် အခြားနိုင်ငံတချို့တို့တွင် ရင်းနှီးမြှုပ်နံှမှုများ ရှိခဲ့ကြောင်းလည်း ဂျပန် Yomiuri သတင်း၌ ဖော်ပြထားသည်။
ဗြိတိန်အခြေစိုက် Standard Chartered ဘဏ် ကလည်း အလားတူ ဘဏ်လုပ်ငန်း ဆိုင်ရာ စည်းမျဉ်းဖောက်ဖျက်သဖြင့် ဒေါ်လာ ၃၂၇ သန်း ပေးဆောင်ရန် သဘောတူထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။