လက်ပံတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာရ သံဃာတပါးဖြစ်သည့် ဦးတိက္ခဉာဏသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသရန် ယနေ့ညနေပိုင်းတွင် သွားရောက်မည်ဟု ဒဏ်ရာရသံဃာတော်များကို ကူညီပေးသူများက ဆို သည်။ ဒဏ်ရာရသံဃာတော်များ ဆေးကုသရေးအတွက် ရွှေညဝါဆရာတော်မှ လှူဒါန်းငွေများ ကူညီပေးထားကြောင်း၊ ပြည်ပတွင် ဆေးကုသရေးအတွက် အကူညီများလိုအပ်နေသေးကြောင်း၊ အခြားသံဃာတော် ၄ ပါးမှာ မန္တလေး ဆေးရုံကြီးတွင် ဆေးကုသ ခံယူနေဆဲဖြစ်ပြီး နိုင်ငံကူးလက်မှတ် မရရှိသေးကြောင်း ဒဏ်ရာရသံဃာများ ကူညီရေးအဖွဲ့မှ ဆရာတော် ဦးဝိမလက မိန့်ကြား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။