မြန်မာနိုငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ယခုနှစ်အတွင်း နှစ်ကုန်ပိုင်းအထိ ၁ သန်း ကျော် မျှော်မှန်း ထား ကြောင်း သိရသည်။ ထိုခရီးသွားများထဲတွင် ၄ သိန်းခန့်မှာ နယ်စပ်မှ ဝင်ရောက်လာသူများ ဖြစ်ကြောင်း၊ ရန်ကုန် နိုင်ငံတကာ လေ ဆိပ်ကိုလည်း နေ့စဉ် ခရီးသွား ဧည့်သည် ပျမ်းမျှ ၂၃၀၀ ခန့် ရောက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင် ၏ ပြောကြားချက်ကို ယနေ့ ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။