ကချင်ပြည်နယ် ကာမိုင်း ရဲစခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်က ဝင်ရောက် တိုက်ခိုက်စဉ် ဒဏ်ရာရရှိ၍ ဆေးရုံ တင်ထားရသူ ၂ ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူ ၂ ဦးမှာ ဒုရဲအုပ် အောင်တင်ဦး၏ မိခင် ဒေါ်မေမွှေးစိန်နှင့် ညီမဖြစ်သူ အထက်တန်းသူနာပြု မတင်မေအောင်တို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က အစ်ကိုဖြစ်သူ ဒုရဲအုပ် အောင်တင်ဦးထံ စစ်တွေမြို့မှနေ၍ အလည်အပတ် ရောက်ရှိနေစဉ် KIA တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုနှင့် ကြုံ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ KIA သည် ယမန်နေ့က ရဲစခန်းကို တိုက်ခိုက်ပြီးနောက် မိုးကောင်း ချောင်းကူး ဘေလီတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။