နှစ်သစ်တွင် သန့်ရှင်းရေးခွန် တိုးမြှင့်ကောက်ခံမည်

Hits:404
0   | |

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၃ လတကြိမ် ကောက်ခံနေသော သန့်ရှင်းရေး ဆောင်ရွက်ခနှုန်းထားများကို ၂၀၁၃ ဇန်နဝါရီမှ စတင်ပြီး တိုးမြှင့် ကောက်ခံသွားတော့မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ တရားဝင် ကြေညာလိုက်သည်။ ရန်ကုန်မြို့တွင်း မြို့နယ် ၆ မြို့နယ်နှင့် ဒဂုံ၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ ကမာရွတ်၊ တာမွေ၊ မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များအတွက် ယခင်ကောက်ခံဈေး တကွာတားလျှင် ၁၃၅၀ ကျပ်မှ ၁၈၀၀ ကျပ် အဖြစ်လည်းကောင်း၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်မြို့နယ်များအတွက် ကျပ် ၉၀၀ မှ ၁၃၅၀ အဖြစ်သို့ လည်းကောင်း ပြောင်းလဲတို့မြှင့်လိုက်ကြောင်း သိရသည်။


One Response

Leave a Reply

Your email address will not be published. Required fields are marked *

  1. အခွန်တိုးတာ ကတော့ အမြဲ အုပ်ချုပ်သူတွေရဲ့ နိုင်ငံဝင်ငွေတိုးအောင်လုပ်တာပြောကြတာပဲ။

    ညီမျှတဲ့ ဘာဝန်ဆောင်မှုကို ပိုပေးမှာလဲ။

    နဂိုက အခွန်သာကောက်နေတာ ရပ်ကွက် က မိမိ တပိုင်တနိုင် ငွေစုကောက်ပြီး မိမိအစီအစဉ် နဲ့ သန့်ရှင်းရေးလုပ်နေရတာကိုတော့ လစ်လျူရှုနေတုံးပဲလား မောင်မင်းကြီးသားတို့