ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်အဖြစ် တပ်မဟာ (၇) မှ ဗိုလ်မှူးချုပ် ဂျော်နီကို ယမန်နေ့က ရွှေးချယ်တင်မြှောက်လိုက်သည်။ ဗဟိုကော်မတီဝင် ၄၅ ဦးတို့က ဗိုလ်မှူးချုပ် ဂျော်နီ နှင့်အတူ တပ်မဟာ (၅) ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ကိုလည်း ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။ ရွေးချယ်ခံရသည့် စစ်ဦးစီးချုပ်သည် အသက် ၆၅ နှစ်ဝန်းကျင်နှင့် ဒု စစ်ဦးစီးချုပ်သည် အသက် ၅၀ ဝန်းကျင်ရှိသူများ ဖြစ်သည်။ ဗိုလ်မှူးချုပ် ဂျော်နီသည် သောကြာနေ့က ကရင်အမျိုးသား အစည်းအရုံး (KNU )ဥက္ကဋ္ဌ ဖြစ်သွားသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ နေရာကို ဆက်ခံခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ် ဘောကျော်ဟဲသည် အနားယူသွားသည့် ဒု စစ်ဦးစီးချုပ် စောဖလဲခို့ (အော်လီဗာ) ၏ နေရာကို ဆက်ခံသူဖြစ်သည်။ KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံတွင် ယင်းသို့ ရွေးချယ်ပြီးနောက် တာဝန်ပေးအပ်ပွဲနှင့် ဂတိသစ္စာပြုပွဲ ပြုလုပ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။