အဲပုဂံမှ ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်သည် ယနေ့နံနက်က ဟဲဟိုးလေယာဉ်ကွင်းသို့ မရောက်မီ ၂ မိုင်အလို၌ အရေးပေါ် ဆင်းသက်လိုက်ပြီး အသေအပျောက် မရှိကြောင်း အစောပိုင်း ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ လေယာဉ်တွင် ခရီးသည် ၆၅ ဦး ပါဝင်ကြောင်း အဲပုဂံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရှိရသေးပေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယနေ့နေ့လည် နောက်ဆုံး ထုတ်ပြန်ချက်များအရ တဦး သေဆုံးသည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။