ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အကြား ယခု ရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။ ကွတ်ခိုင်မြို့နှင့် ၈ မိုင်ခန့် ကွာဝေးသည့် ကျေးရွာ ၉ ရွာမှ ဒေသခံ ၂၇၀ ခန့်က ယခုလ ၂၄ ရက်နေ့မှ စတင်၍ ခရစ်ယာန် ဘာသာရေးကျောင်းသို့ ရောက်ရှိလာကြောင်း ကွတ်ခိုင်မြို့ အမှတ် ၂ ရပ်ကွက်မှ ဘာသာရေး ဆရာများက ပြောသည်။ ဘာသာရေးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်လာသည့် ဒေသခံအများစုသည် ကချင် တိုင်းရင်းသားများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။