ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာဒေသရှိ တော်ဝင်သစ်အချောထည် စက်ရုံ၌ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော စက်ရုံလုံခြုံရေး ဝန်ထမ်းများနှင့် အလုပ်သမားတို့အကြား ပဋိပက္ခကြောင့် အရိုက်ခံရသည့် အလုပ်သမား ၆ ဦး ကို ဆေးရုံတင်ခဲ့ရပြီး ယခုအခါ ထိုအလုပ်သမားများ အတွက် ဆေးဝါးကုသစရိတ် လိုအပ်နေကြောင်း သိရသည်။ အင်းစိန်ဆေးရုံကြီး၌ ဆေးဝါး ကုသခံယူနေရသည့် လူနာ ၆ ဦးအနက် ၃ ဦးမှာ ဓာတ်မှန်ရိုက်ရန် လိုအပ်နေကြောင်း၊ သို့သော် ငွေကြေးလုံလောက်မှု မရှိ၍ ဆက်လက် ဆေးကုသရန် ခက်ခဲနေကြောင်း အလုပ်သမားများအား ကူညီပေးနေသူ ကိုထက်ကိုကိုက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။