ထိုင်း-မြန်မာနယ်စပ် စံခလဘူရီမြို့တွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်နေသည့် မြန်မာမိန်းကလေး ၁၈ ဦးကို ယနေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရသည်။ ယခု ဖမ်းဆီးခံရသော မိန်းကလေး ၁၈ ဦးထဲတွင် အသက် ၂၀ အောက် အရွယ် ၃ ဦး ပါဝင်ပြီး ၎င်းတို့ကို ထိုင်းဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း Daily News အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ အာဏာပိုင်များက လိင်ပျော်ပါး လိုသူများ ဟန်ဆောင်၍ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။