မြန်မာနိုင်ငံတဝန်းရှိ သမဝါယမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့၏ ATM ငွေထုတ်စက် ၉၀ ခန့်တွင် Visa ကတ်များ အသုံးပြုနိုင်ပြီဖြစ်ကြောင်း Visa က ယမန်နေ့က ထုတ်ပြန်ကြေညာသည်။ Visa ကွန်ရက်သို့ ဝင်ရောက်ပူးပေါင်းခြင်းအားဖြင့် အဆိုဘဏ်များသည် အီလက်ထရွန်းနစ် စနစ်ဖြင့် ငွေပေးချေမှုနှင့် ပတ်သက်၍ Visa ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စံညွှန်းများကို သဘောတူ လိုက်နာရမည်ဖြစ်သည်။ Visa ကတ်သုံးနိုင်သော အဆိုပါ ATM ငွေထုတ်စနစ်ကို မြန်မာနိုင်ငံတဝန်း ကမ္ဘာလှည့်ခရီးသွားများ အဓိက ရောက်ရှိသည့် နေရာများ၌ စီစဉ်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။