မြန်မာအစိုးရ တပ်များသည် KIA ကို တိုက်ခိုက်ရာတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ တိုးမြှင့်၍ ကချင်ပြည်နယ် လဂျားယန် ကျေးရွာ အနီး ထိုးစစ်ဆင်လျှက်ရှိသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်မှစပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကာ လေကြောင်းမှ ထိုးစစ်ဆင်မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိ အစိုးရတပ်တွေက နားလုံမှာ နေရာယူထားပြီး လိုင်ဇာကို ထိုးဖို့ တက်လာတာ။ မြေပြင်က တပ်တွေ ရှေ့တက်လို့ ရအောင် လေကြောင်းကနေ ပစ်တာပါ။ မနက် ၉ နာရီ ခွဲကနေ အခုထိ နှစ်စီး တခါ၊ သုံးစီး တခါ ပျံပါတယ်” ဟု ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ဦးလဆိုင်းက ပြောသည်။ လဂျားယန်တွင် အစိုးရ စစ်တပ်၏ ထိုးစစ်ဆင် ပစ်ခတ်သံများကို လိုင်ဇာမြို့မှ အတိုင်းသား ကြားနေရပြီး လိုင်ဇာ၌ ဈေးဆိုင်များ ပိတ်ထားကာ အသွားအလာများ ရပ်ဆိုင်းနေသည်။ လက်တလောတွင် လိုင်ဇာမြို့သူမြို့သားများ အနေနှင့် လေကြောင်းကာကွယ်ရေး ဗုံးခိုကျင်းများ နေရာအနှံ့တွင် ပြင်ဆင်ထားပြီး လေကြောင်းဒဏ်ခံနိုင်မည့် အဆောက်အဦး များကိုလည်း ခိုအောင်းရန်အတွက် ကြိုတင် ပြင်ဆင်မှု များ ပြုလုပ်လျက်ရှိသည်။ အစိုးရ စစ်တပ်သည် ဒီဇင်ဘာ ၁၄ ရက်နေ့ လဂျားယန်တိုက်ပွဲမှ စတင်ကာ လေယဉ်ဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ် ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ဂန်ဒေါင်ယန် အနီးမှ တိုက်ပွဲတွင်လည်း လေကြောင်းမှ တိုက်စစ်ဆင်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။