ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ လင်နကွတ်ကျေးရွာမှ ၁၂ မိုင်အကွာတွင် ဘိန်းခင်း ၁၈ ဧက တွေ့ရှိရသဖြင့် ချင်းပြည်နယ် ဒု ပြည်နယ်ရဲမှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဘိန်းစေးများလည်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။