လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနသို့ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပြန်လည် လျှောက်ထားနိုင်မည် ဖြစ်ရာ ပြည်တွင်း ဂျာနယ် ၈ စောင်က ထုတ်ဝေခွင့် လျှောက်ထားမည်ဖြစ်ကြောင်း ယခု သီတင်းပတ်တွင် ထုတ်ဝေသည့် 7 Day News ဂျာနယ်တွင် ဖော်ပြထားသည်။ သတင်းစာ ထုတ်ဝေခွင့် လျှောက်မည့် မီဒီယာ ၈ ခုမှာ 7 Day News, Eleven Media Group, မြန်မာ တိုင်း (မ်)၊ Messenger, Popular News, The Voice, ရန်ကုန်တိုင်း (မ်) နှင့် ဒီလှိုင်း တို့ ဖြစ်ကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဝေသည့် ဒီလှိုင်းစာစောင်က ပါတီစာစောင်အဖြစ်မှ ပြည်သူ့ဝန်ဆောင်မှု သတင်းစာအဖြစ် အသွင်ပြောင်းမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။