အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် ကျရောက်မည့် ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီ ဌာနချုပ်တွင် ပြောဆိုမည် ဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီ ရုံးချုပ်၌ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး NLD ၏ လွတ်လပ်ရေးနေ့ ကြေညာစာတမ်းကိုလည်း ဖတ်ကြားမည်ဖြစ်သည်။ ယင်းလွတ်လပ်ရေးနေ့ အခမ်းအနားသို့ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များက ပုဂ္ဂိုလ်များ၊ စာပေနှင့် တခြားနယ်ပယ်များမှ ပုဂ္ဂိုလ်များ၊ ပါတီဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် သံတမန်များကို ဖိတ်ကြားထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။