၂၀၁၀ ရန်ကုန် X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲခံရကာ သေဒဏ်ချမှတ်ခံရပြီးနောက် ယမန်နှစ် သြဂုတ်လက ပြန်လွှတ်ပေးလိုက်သော ကိုဖြိုးဝေအောင်သည် ယနေ့နံနက်က ကွယ်လွန်သွားကြောင်း၊ ရေးဝေးသုဿန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ ပြန်လွတ်လာချိန်တွင် ကိုဖြိုးဝေအောင်သည် အသည်းကင်ဆာ ဝေဒနာခံစားနေရပြီး ကင်ဆာဆဲလ်များ ခါးရိုးတွင်းအထိ ပျံ့နှံ့မှုကြောင့် ခန္ဓာကိုယ် အောက်ပိုင်းသေသည့် ရောဂါကိုလည်း ခံစားနေခဲ့ရသည်။ ဖောက်ခွဲမှု၊ လူသေစေမှု၊ မတရားအသင်းဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ပုဒ်မ စသည်တို့ဖြင့် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက တရားစွဲဆိုခဲ့ပြီး သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။