မြန်မာနိုင်ငံ၏ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမေရိကန်ပြည်ထောင်စုက သဝဏ်လွှာ ပေးပို့ရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပုံမှန်ဖြစ်ထွန်းနေသည့် အတွက် ကျေနပ် ဝမ်းသာကြောင်း၊ အမေရိကန်- မြန်မာ ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်ခြင်းသည် သမိုင်းဝင် တိုးတက်မှု တခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က သမ္မတ အိုဘားမား ကိုယ်စား ပြောကြားထားသည်။ ထို့အပြင် ၎င်းတို့၏ မြန်မာခရီးစဉ်မျာ းအပေါ်လည်း ကျေနပ်အားရကြောင်း ဖော်ပြထားပြီး ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။