မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကြာ ရပ်နားထားပြီးနောက် လူငယ်လူရွယ်များအတွက် ကင်းထောက်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ သမ္မတ စဝ်ရွှေသိုက်၊ ဒေါ်ခင်ကြည်တို့သည် ကင်းထောက် အဖွဲ့ဝင်များ ဖြစ်ဖူးကြောင်း၊ ယခုပြန်လည်ဖွဲ့စည်းရာတွင် ကင်းထောက် ကျောင်းသားဦးရေ ၁၈၀၀ ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနက ကင်းထောက် ဖွဲ့ခြင်းကို ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း၊ ယခု ကင်းထောက်သင်တန်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ညိုနှင့် ကြေးမုံသတင်းစာတို့၏ တွေ့ဆုံ မေးမြန်းခန်းတွင် ဖော်ပြထားသည်။ နိုင်ငံပေါင်း ၁၉၀ ရှိ ကင်းထောက် အဖွဲ့များတွင် ကင်းထောက် ကလေးပေါင်း သန်း ၃၀ ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။