မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်းစစ်တပ်တို့ ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၇ ဦးအနက် ၄ ဦး သေဆုံးပြီး စိတ်ကြွဆေးပြား အလုံး ၁၈၀၀၀၀ ဖမ်းဆီးရမိသည်ဟု ထိုင်း သတင်းများအရ သိရသည်။ ထိုင်းစစ်တပ်က ချင်းရိုင်ခရိုင် မဲ့ဖာလွန်မြို့နယ်အတွင်း ကင်းလှည့်နေစဉ် မူးယစ်ဆေးဝါး သယ်ဆောင်သူများနှင့် ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မူးယစ်ဆေးအဖွဲ့နှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ အခြေစိုက် လားဟူ ပြည်သူ့စစ် ခေါင်းဆောင် ဦးယင်ဆေး၏ တပည့်များ ဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက စွပ်စွဲထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။