ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ဘက်သို့ အစိုးရစစ်တပ်က လက်နက်ကြီးများ သုံး၍ ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို မသိရှိရကြောင်း AP သတင်း တရပ်တွင် ဖော်ပြထားသည်။ ပြီးခဲ့တဲ့ သီတင်းပတ် အစိုးရတပ် သိမ်းယူခဲ့သည့် လိုင်ဇာမြို့အနီး တောင်ကုန်းမှ လက်နက်ကြီး ၁၀၅ မမ ဖြင့် အနီးအနားရှိ KIA စစ်စခန်းများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဆိုသည်။ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာ ၁၉ တိုက်ခိုက်မှုများနောက်ပိုင်း နှစ်ဖက် တိုက်ခိုက်မှုများ ပိုမိုများပြားလာခြင်းဖြစ်ပြီး ယခု တိုက်ခိုက်မှုသည် ဒုတိယအကြိမ် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခြင်း ဖြစ်ကြောင်း ဦးလနန်က ပြောထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။