ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် တက္ကနာမြို့နယ် မြစ်နားရွာ (ခေါ်) ဆိုးတြိပါရာတွင် မြန်မာဘက်မှ ဝင်လာသည့် စိတ်ကြွဆေးပြား အလုံး ၅၀၀၀ နီးပါးကို မြန်မာနိုင်ငံသားများ ဖြစ်သည့် ဦးစံအေး ၃၀ နှစ်နှင့် မောင်စာသျှေ ၁၄ နှစ် တို့ထံမှ ယမန်နေ့ ညနေ ၄ နာရီတွင် ဘင်္ဂလားနယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိလိုက်ကြောင်း တက္ကနာအခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။ ၎င်းတို့ကို မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ကမ်းဘေးတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်များ တွေ့ဆုံဆွေးနွေးသည့် အခါတိုင်းတွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုများအား တင်းကျပ်စွာ တားမြစ် ဖမ်းဆီးသွားမည်ဟု ပြောဆိုနေကြသော်လည်း လက်တွေ့တွင်မူ မြန်မာမူးယစ်ဆေးဝါးများမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲသို့ အရင်ကထက် ပိုမိုဝင်ရောက်လာနေကြောင်း တက္ကနာမြို့ခံ ထောက်လှမ်းရေး တဦးကပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။