ပျူရှေးဟောင်းမြို့များ ဖြစ်သည့် ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် စာတမ်းကို နောက်ဆုံး တည်းဖြတ်ရန် ယူနက်စကို၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့ ပူပေါင်း၍ ၄ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်၌ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပကြောင်း သိရသည်။ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် စာတမ်းပြုစုရာတွင် အချိန်ကာလ တိုတောင်းခြင်း၊ အတွေ့အကြုံ အားနည်းခြင်း၊ အရည်အသွေး ရှိသည့် ဒစ်ဂျစ်တယ် မြေပုံနှင့် အချက်အလက် မပြည့်စုံခြင်းများ ရှိကြောင်း၊ သို့သော် သတ်မှတ်ချိန်တွင် စာတမ်းကို ပေးပို့နိုင်မည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီး ဦးအေးမြင့်ကြူက ပြောသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။