ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ထီခိုတောရွာနေ မောင်နှမ ၃ ဦးတို့သည် ဇန်နဝါရီလ ၇ ရက်နေ့က တောင်ယာမှ အပြန်တွင် မိုးဟောင်း ၁ လုံး ပေါက်ကွဲမှုကြောင့် မောင်နှမ ၃ ဦးစလုံး ဒဏ်ရာရသွားကြောင်း သိရသည်။ အသက် ၁၂ နှစ်အရွယ် မောင်ဇေယျာဦး၊ အသက် ၅ နှစ်အရွယ် မသီရိ၊ အသက် ၄ နှစ်အရွယ် မနှင်းဝတ်ရည်တို့သည် ဒဏ်ရာများ ရရှိသွားပြီး မြဝတီမြို့ရှိ ရွှေက္ကိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။