ညှို့ မဂ္ဂဇင်းကို ထုတ်ဝေခွင့် ရုပ်သိမ်း

Hits:809
3   | |

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် တက်ရောက်သည့် ယမန်နေ့က ကျင်းပသော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးက လိင်ပညာပေး မဂ္ဂဇင်းဟူ၍ ထွက်ရှိလာသော ညှို့ မဂ္ဂဇင်းကို တည်ဆဲ ဥပဒေပုဒ်မ ၁၀ အရ ထုတ်ဝေခွင့် လက်မှတ် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ မူလလျှောက်ထားစဉ်က ဖက်ရှင် ဦးစားပေး မဂ္ဂဇင်းဖြစ်သော်လည်း အမှန်တကယ် ထွက်ရှိလာသည့်အခါ လိင်ပညာပေး အဖြစ် ထုတ်ဝေထားသည်ကို တွေ့ရကြောင်း၊ လိင်ပညာပေးဟု ဖော်ပြသော်လည်း မဂ္ဂဇင်းပါ ဓာတ်ပုံနှင့် အရေးအသားများမှာ လိင်ကိစ္စ အသားပေးဖော်ပြီး စိတ်ကို နှိုးဆွရာ ရောက်စေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မူလလျှောက်ထားသည့် အကြောင်းအရာနှင့် ကွဲလွဲထုတ်ဝေသည့် တခြားဂျာနယ် ၆ စောင်ကိုလည်း ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေခွင့်ပြုထားသော မဂ္ဂဇင်း ၂၂၀ နှင့် ဂျာနယ် ၃၁၀ ရှိသည်။


One Response

Leave a Reply

Your email address will not be published. Required fields are marked *

  1. တယ်လီဖုန်းဈေူးက သမ္မတ ကိုယ်တိုင် မလျော့နိုင်ဘူးလို့ မရှက်ပဲနဲ့ပြောနေတယ်။ ၅၀၀၀ နဲ့ ရနိုင်တဲ့ ရွေပြည်တန်ကုမ္ပဏီကို လုပ်ခွင့်ပေးလိုက်လေ။ သူလုပ်နိုင်တာကို လုပ်ပေ့စေပေါ့။ ၁ သိန်းဆိုတာက နဲနဲနောနော ငွေမှာ မဟုတပဲ