ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် တက်ရောက်သည့် ယမန်နေ့က ကျင်းပသော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးက လိင်ပညာပေး မဂ္ဂဇင်းဟူ၍ ထွက်ရှိလာသော ညှို့ မဂ္ဂဇင်းကို တည်ဆဲ ဥပဒေပုဒ်မ ၁၀ အရ ထုတ်ဝေခွင့် လက်မှတ် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ မူလလျှောက်ထားစဉ်က ဖက်ရှင် ဦးစားပေး မဂ္ဂဇင်းဖြစ်သော်လည်း အမှန်တကယ် ထွက်ရှိလာသည့်အခါ လိင်ပညာပေး အဖြစ် ထုတ်ဝေထားသည်ကို တွေ့ရကြောင်း၊ လိင်ပညာပေးဟု ဖော်ပြသော်လည်း မဂ္ဂဇင်းပါ ဓာတ်ပုံနှင့် အရေးအသားများမှာ လိင်ကိစ္စ အသားပေးဖော်ပြီး စိတ်ကို နှိုးဆွရာ ရောက်စေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မူလလျှောက်ထားသည့် အကြောင်းအရာနှင့် ကွဲလွဲထုတ်ဝေသည့် တခြားဂျာနယ် ၆ စောင်ကိုလည်း ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေခွင့်ပြုထားသော မဂ္ဂဇင်း ၂၂၀ နှင့် ဂျာနယ် ၃၁၀ ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။