ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်မည့် Citizen Journalist (CJ) and Online Media သင်တန်းကို လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် အာဏာပိုင်များက တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။ သင်တန်းစသည့်နေ့တွင် စစ်တပ်၊ ရဲ၊ လဝကနှင့် မြို့နယ် အာဏာပိုင်များက တကျော့ပြန် ပဋိပက္ခ ငြိမ်းအေးစအချိန်တွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ခွင့်မပြုဘဲ တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို အာဏာပိုင်များထံမှ တရားဝင် ခွင့်ပြုချက်ယူကာ ယခုလကုန်ပိုင်းတွင် ပြန်လည်ပြုလုပ်မည်ဟု သင်တန်းဦးဆောင်သူ ကိုခိုင်ပြည်ကျော်က ဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့တွင် ဝံလက်ဖောင်ဒေးရှင်းက ဦးဆောင် ပြုလုပ်နေသော အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်း အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် အမိန့်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နုက စာဖြင့် တားမြစ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။