၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံ ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အောက်မေ့ဖွယ် အထိမ်းအမှတ်တခု ထားရှိရန် မြန်မာနှင့် တောင်ကိုးရီးယား နိုင်ငံတို့ သဘောတူညီမှု ပြုလုပ်ကြောင်း သတင်းရသည်။ မြောက်ကိုရီးယားက အထူးကွန် မန်ဒိုများက အာဇာနည်ကုန်းတွင် ဗုံးခွဲလုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒု သမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် အရာရှိ ၁၇ ဦး အသက် ဆုံးရှုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည့် အမှတ်တရ အထိမ်းအမှတ် တခုကို အာဇာနည်ဗိမာန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ အထိမ်းအမှတ် ထားရှိမည့် နေရာသည် ဗုံးကွဲခဲ့သည့် နေရာနှင့် နီးကပ်ပြီး ၂၆၀ စကွဲယား မီတာ အကျယ်အဝန်း ရှိကာ ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန် နှင့်လည်း ၅၀ မီတာ သာဝေးသည်ဟု သိရသည်။ ယင်း အထိမ်း အမှတ်ကို ဗုံးကွဲမှု အနှစ် ၃၀ မြောက် ဖြစ်သည့် လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေး စီစဉ်သွားမည်ဟု The Chosunilbo သတင်း၌ ဖော်ပြထား သည်။ ၁၉၈၃ ခုနှစ် က တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် ကိုယ်စားလှယ်အဖွဲ့ အာဇာနည် ကုန်းသို့ လာရောက် ဂါရ၀ ပြုစဉ် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး သမ္မတ ချန်ဒူးဝမ် လွတ်မြောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။