ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းခရိုင် ပန်းဝါ (ခေါ်) ရာမူးမြို့၌ မွတ်စလင် အစွန်းရောက်များ၏ အကြမ်းဖက်မှုအတွင်း ပျောက်ဆုံးသွားသည့် ဗုဒ္ဓဆင်းတုတော် ၂ ဆူကို ဇန်နဝါရီလ ၁၅ ရက်နေ့က ဖော်တေးခါကူး ကျေးရွာအုပ်စု၊ မော်တောကျေးရွာတွင် ပြန်လည် သိမ်းဆည်းရမိကြောင်း ကောက်စ်ဘဇား အခြေစိုက်တပ်ရင်းတခုမှ ဗိုလ်မှူး ရှော်ရဝါရိုင်က ပြောသည်။ ယခု သိမ်းဆည်းရမိသော ဆင်းတုများမှာ ပန်းဝါမြို့ မည်သည့် ဘုန်းကြီးကျောင်းမှဖြစ်ကြောင်း စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ဘာသာရေး စော်ကားထားသည့် အင်တာနက်မှ ဓာတ်ပုံတပုံကို အကြောင်းပြုပြီး မွတ်စလင်အစွန်းရောက်များက ပန်းဝါမြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ သိမ်များ၊ လူနေအိမ်များကို မီးရှိုးဖျက်ဆီးကာ ရှေးဟောင်း ဆင်းတုတော်တချို့ကို ယူဆောင်သွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပျောက်ဆုံးနေသည့် ဆင်းတုတော်များကို ရှာဖွေနေဆဲ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။