ဂျပန်နိုင်ငံမှ နာဂိုယာ တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်တွင် ဥပဒေရေးရာ သုတေသနဌာန ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လာမည့် ဇွန်လတွင် အဆိုပါ သုတေသနဌာန ရုံးခန်းကို ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး ဥပဒေ ပညာရှင်များ မွေးထုတ်ရန်အတွက် ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ် တာဝန်ရှိသူများကို ကိုးကားပြီး The Japan Times သတင်းစာက ရေးသားထားသည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ပုံမှန် လုပ်ဆောင်လာနေသည့် မြန်မာနိုင်ငံတွင် အုပ်ချုပ်မှု ဥပဒေဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လိုသည်ဟု နာဂိုယာ တက္ကသိုလ် တာဝန်ရှိသူတဦးက ဆိုသည်။ မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး အောက်တွင် နေလာခဲ့ရသည့်အတွက် မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးသည် ခေတ်နောက်ကျန်ခဲ့ပြီး အဆိုပါ သုတေသန စင်တာသည် တက္ကသိုလ် အဆင့်၊ ဘွဲ့ကြိုနှင့် အထူးပြု ဘာသာရပ်ဆိုင်ရာ ကျောင်းသားများအတွက် ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။