ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ခါရာတောင်ကုန်းတို့ကို အစိုးရတပ်များက ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များ အသုံးပြု၍ ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်မြေပြင်သို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။ အစိုးရတပ်က KIA တပ်ဖွဲ့များကို တိုက်လေယာဉ်များ အသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ပြီး လိုင်ဇာဌာနချုပ်မှ မီးခိုးလုံးများကို မြင်တွေ့နေရကြောင်း ၎င်းက ဆိုသည်။ ခါရာတောင်ကုန်းသည် KIA ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၏ အနောက်မြောက်ဘက်တွင် ရှိပြီး ယမန်နေ့ကလည်း တိုက်လေယာဉ်များဖြင့်ပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။